အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် လက်ရှိအချိန်ထိ ၁၇၂ မှုထိ တရားစွဲဆို အရေးယူထားဟု ကော်မရှင်ဥက္ကဋ္ဌ ဆို
အမှန်တကယ် လုပ်ပိုင်ခွင့်အာဏာရှိတဲ့သူက သူ့ရဲ့အခွင့်အာဏာကို အလွဲသုံးစားပြုကာ ပုဂ္ဂလိက အကျိုးစီးပွားအတွက် အများပြည်သူ အကျိုးစီးပွားဖြစ်တဲ့ နိုင်ငံတော်ရဲ့ ငွေကြေးပစ္စည်း ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်ဆီးဆုံးရှုံးစေခဲ့ပါက ထိုအချက်ဟာ တံစိုးလက်ဆောင် ရယူကြောင်း ပေါ်ပေါက်သည်ဖြစ်စေ မပေါ်ပေါက်သည်ဖြစ်စေ အဂတိလိုက်စားမှု ဖြစ်တယ်ဆိုခြင်းကို နားလည်ဖို့လည်း ဦးအောင်ကြည်က ပြောပါတယ်။