
Published 23 October 2019



(Zawgyi Version)

သားနှစ်ဦးကိုသက်သေအဖြစ်မှကင်းလွတ်ခွင့်ပြုရန် Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူးကလျှောက်ထားမှုအပေါ် ဆက်လက်မေးမြန်းခွင့်ပြုရန် ဗစ်တိုးရီးယားမိခင် ပြန်လည်လျှောက်ထား 

နေပြည်တော်သက်ငယ်မုဒိမ်းမှုဖြစ်တဲ့ ဗစ်တိုးရီးယားအမှုမှာသားနှစ်ဦးကိုသက်သေအဖြစ်မှ ကင်းလွတ်ခွင့်ပြုဖို့ Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကခရိုင်ဥပဒေရုံးသို့ အသနားခံစာတင်ထားမှုနဲ့ပတ်သက်လို့ တရားလိုဗစ်တိုးရီးယားရဲ့ မိခင်ကိုယ်တိုင်ကအဆိုပါကလေးနှစ်ဦးဟာအရေးကြီးသက်သေတွေဖြစ်လို့ ဆက်လက်မေးမြန်းခွင့်ပြုရန် ခရိုင်ဥပဒေရုံးသို့ ပြန်လည်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။