ဧရာဝတီတိုင်းအတွင်း မြို့အဝင်ဘီးခွန်ကောက်စခန်းများ ဖျက်သိမ်းပြီးနောက် ကညနနှင့်ပူးပေါင်းကာ ဘီးခွန်များ ကောက်ယူခဲ့ရာ တွင် မျှော်မှန်းထားသည်ထက် လျော့နည်း ရရှိခဲ့
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ်ကစတင်ကာ မြို့အဝင်ဘီးခွန်ကောက်စခန်းတွေ ဖျက် သိမ်းခဲ့ပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ ပူးပေါင်းကာ မော်တော်ယာဉ်တွေ လိုင်စင်သက်တမ်းတိုး လာ ရောက်လုပ်ဆောင်တဲ့အချိန်မှာ ဘီးခွန်တွေကို တပါတည်းထည့်သွင်းကောက်ယူစေတဲ့စနစ်ကို ပြောင်းလဲကျင့်သုံးရာ ဘီးခွန်တွေ ကောက်ယူနိုင်မှုမှာ မျှော်မှန်းထားတာထက် လျော့နည်းပြီး ရရှိခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကနေ သိရပါတယ်။
[Zawgyi]