မြန်မာနိုင်ငံအနေဖြင့် ILO ၏ အငယ်ဆုံးအသက်ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၁၃၈ အား လက်ခံကျင့်သုံးနိုင်ရေး ဆောင်ရွက်နေဟုဆို
မြန်မာနိုင်ငံအနေနဲ့ ILO ရာပြည့်ကာလအား ဂုဏ်ပြုတဲ့အနေနဲ့ ILO အခြေခံပြဋ္ဌာန်းချက် တစ်ခုဖြစ်တဲ့ အငယ်ဆုံးအသက်ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၁၃၈ အား လက်ခံကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။