ဂျပန်ဘုရင်သစ် ထီးနန်းတက်ပွဲ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံသို့ သွားရောက်

ဂျပန်ဘုရင်သစ် ထီးနန်းတက်ပွဲ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံသို့ သွားရောက်
Published 21 October 2019

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်ဘုရင်သစ် နာရူဟီတိုရဲ့ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဒီကနေ့ အောက်တိုဘာ ၂၀ ရက် မနက် ၈ နာရီခွဲအချိန်မှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။