မြန်မာ - ထိုင်းနယ်စပ် မဲဆောက်မှ ဘန်ကောက်အထွက် စစ်ဆေးရေးဂိတ်တွင် ထိုင်းဘတ်ငွေ သိန်း ၄၅၀၀ ကျော်တန်ဖိုးရှိ ICE မူးယစ်ဆေး ကီလို ၁၅၀၀ ကျော် ဖမ်းမိ
ICE ပုံဆောင်ခဲ မူးယစ်ဆေးဝါးများမှာ ထိုင်းနိုင်ငံစျေးကွက်မှာ တစ်ကီလိုလျှင် ဘတ်သုံးသိန်းခန့် ပေါက်စျေးရှိနေတာဖြစ်လို့ ထိုင်းဘတ် သိန်း ၄၅၀၀ ကျော် တန်ဖိုးခန့်ရှိပြီး ယခုတစ်ကြိမ် ICE ပုံဆောင်ခဲ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ နယ်စပ်တစ်လျှောက် ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း အများဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။