မန္တလေးတိုင်းအတွင်း ယခုနှစ်ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေတွင် သီးနှံသစ် ရှစ်မျိုးအတွက် ထပ်တိုးချေးပေးသွားရန်ရှိပြီး ကျပ်သန်းပေါင်း ၂၉၃၈၃.၈၀ ချေးငွေချပေးရန် လျာထား (ရုပ်သံ)
ယခင်နှစ်များက ဆောင်းချေးငွေကို အောက်တိုဘာလမှ ဒီဇင်ဘာလ ကုန်အထိ ထုတ်ချေးပေးပြီး နောက်နှစ် ဇွန်လကုန်တွင် နောက်ဆုံးပေးဆပ်ရန် သတ်မှတ်ခဲ့ပေမယ့် ယခုအခါမှာတော့ တောင်သူများ ချေးငွေပြန်ဆပ်ရန်အခက်အခဲမရှိစေဖို့အတွက် ပြန်ဆပ်ကာလကို နောက်နှစ် စက်တင်ဘာလအထိ တိုးမြှင့်သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။