အမာမြို့အနီး ပင်လယ်ပြင်တွင်မျောနေသော ကျပ်သိန်း ၂၉ဝဝဝဝ ကျော် တန်ဖိုးရှိ ICE ဟုယူဆရသော မူးယစ်ဆေးများ သိမ်းဆည်းရမိ
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု အရှေ့ဖျားကျေးရွာအနီး ပင်လယ်ပြင် ရေမိုင် ၁၅ မိုင်ခန့် အကွာတွင် မျောနေသော ကျပ်သိန်းပေါင်း ၂၉ဝဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ICE ဟု ယူဆရသော ပုံဆောင်ခဲများကို အောက်တိုဘာလ ၁၆ ရက်နေ့က သိမ်းဆည်းရမိခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲမှူးရုံးမှ သိရပါတယ်။