ပုလဲကုမ္ပဏီက ဆလုံတိုင်းရင်းသားများ နေထိုင်လုပ်ကိုင်နေသည့် ကျွန်းများတွင် တိုးချဲ့လုပ်ကိုင်လာမှုအပေါ် ကန့်ကွက်ကြောင်း သဘောထား ထုတ်ဖော်ချက်ပြုလုပ်ခဲ့ 

ပုလဲကုမ္ပဏီက ဆလုံတိုင်းရင်းသားများ နေထိုင်လုပ်ကိုင်နေသည့် ကျွန်းများတွင် တိုးချဲ့လုပ်ကိုင်လာမှုအပေါ် ကန့်ကွက်ကြောင်း သဘောထား ထုတ်ဖော်ချက်ပြုလုပ်ခဲ့ 
Published 14 October 2019

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လငန်းကျေးရွာမှာ နေထိုင်တဲ့ ဆလုံတိုင်းရင်းသားတွေဟာ ပုလဲကုမ္ပဏီတစ်ခုဖြစ်တဲ့ တာဆာကီကုမ္ပဏီရဲ့ ရေပြင်နဲ့ မြေပြင် ဧရိယာတွေ တိုးချဲ့လာမှုကြောင့် နေထိုင်လုပ်ကိုင် စားသောက်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်လာတာကြောင့် ကန့်ကွက်ကြောင်း သဘောထားထုတ်ဖော်ချက် တစ်ရပ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။