ကုန်ကျစရိတ်မြင့်မားသည်ဆိုကာ ဝေဖန်မှုများရှိနေသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ Sport Complex ရှိ Gym Complex မှာ တင်ဒါ စနစ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ဟု အား/ကာ ညွှန်မှူးဆို
အဆောက်အအုံနှင့် စက်ကိရိယာ ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် ၈၅၃ ဒသမ ၈၆၃ သန်း ကုန်ကျခဲ့တဲ့ Gym Fitness Centre နဲ့ ပတ်သက်လို့ ကုန်ကျစရိတ်ဟာ မြင့်မားလွန်းနေတယ်လို့ ဝေဖန်မှုတွေရှိခဲ့တာဖြစ်ပြီး ဝန်ကြီးသားနဲ့ ပတ်သက်မှုရှိနေတယ်ဆိုပြီး သတင်းထွက်နေမှုအပေါ်မှာလည်း အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားကွင်းနှင့် အားကစားရုံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးက ငြင်းဆိုခဲ့ပါတယ်။