မြန်မာနိုင်ငံ မြောက်ဖျားပိုင်းက သစ်မှောင်ခိုများ နောက်ထပ်ဝင်လာခြင်း မရှိသလို အဝင်လည်း မခံတော့ဟု ကချင်ပြည်နယ် လုံ/နယ်ဝန်ကြီးပြော
ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကတော့ နယ်စပ်ဂိတ်မှ ဖြတ်သန်းသွားလာနေတဲ့ အခြေအနေမျိုးကို မတွေ့ရဘဲ နယ်စပ်နေရာများမှနေ၍ ခိုးထုတ်နေမှု ရှိနေတာကို သတင်းပေးမှုများအရ ကြားသိနေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။