မွန်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအတွင်း ခွင့်ယူများသူကိုယ်စားလှယ်များကို လွှတ်တော်ဥက္ကဋ္ဌ သတိပေး(ရုပ်သံ)
(၉) ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄) မြောက်ပုံမှန်အစည်းအဝေးမှာ လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာအေးဇံမှာ ကျန်းမာရေး အခြေအနေကြောင့် ခွင့် (၇) ရက်ယူခဲ့ပြီး ယခင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့တဲ့ ဦးမင်းမင်းဦးမှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခွင့် (၇) ရက်ရယူခဲ့တယ်လို့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီထံမှ သိရပါတယ်။