အဂတိလိုက်စားမှုကို အောင်မြင်စွာတိုက်ဖျက်နိုင်ရန် ပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းလုပ်ငန်းများကို ပိုအလေးပေး ဆောင်ရွက်နေဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ပြောကြား
ထိခိုက်နစ်နာမှုအနည်းဆုံးနဲ့ အဂတိလိုက်စားမှုကိုအောင်မြင်စွာတိုက်ဖျက်နိုင်ဖို့ ရည်ရွယ်ပြီးအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ ပညာပေးခြင်းအပါအဝင် တားဆီးကာကွယ်ခြင်းလုပ်ငန်းတွေကို တရားစွဲဆိုအရေးယူဆောင်ရွက်ခြင်း လုပ်ငန်းထက် ပို၍အလေးပေးဆောင်ရွက်နေခြင်းဖြစ်တယ်လို့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။