လူနာကို HIV ပိုးရှိကြောင်းမှားယွင်းဖော်ပြခဲ့သည့်အတွက် ကျပ်သိန်း ၃၀၀ ပေးစေရန် အမိန့်ချမှတ်မှုအပေါ် မြို့တော်ဆေးရုံ၏ အယူခံအား မန္တလေးတိုင်းတရားလွှတ်တော်ကမူလအမိန့်ကိုသာအတည်ပြု
လူနာကိုအိတ်ချ်အိုင်ဗွီပိုးရှိကြောင်းမှားယွင်းဖော်ပြခဲ့တဲ့အတွက် ခရိုင်တရားရုံးကကျပ်သိန်း ၃၀၀ ပေးဖို့ အမိန့်ချမှတ်ခဲ့မှုကို မြို့တော်ဆေးရုံးဘက်က မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သို့ အယူခံတက်မှုအပေါ် မူလအမိန့်သာအတည်ပြုကြောင်း တိုင်းတရားလွှတ်တော်တရားသူကြီးဒေါ်လှလှရီကအောက်တိုဘာလ ၉ ရက်နေ့ကအမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။