နိုင်လွတ်လုံဖြင့် တရားစွဲခံထားရသည့် ကရင်နီလူငယ်ခြောက်ဦး အမှု ၁၅ ကြိမ်မြောက် ရုံးထုတ်ပြီး တရားခံပြသက်သေနှစ်ဦးကို စစ်ဆေး
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိစ္စအပေါ် ထုတ်ပြန်ခဲ့တဲ့ကြေညာချက်နဲ့ ပတ်သက်လို့ နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ တရားစွဲခံထားရတဲ့ ကရင်နီလူငယ်ခြောက်ဦးကို အောက်တိုဘာလ ၈ ရက်နေ့က လွိုင်ကော်မြို့နယ်တရားရုံးမှာ ၁၅ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားခံပြသက်သေအဖြစ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်နဲ့ ကရင်နီလူငယ်တစ်ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။
(Zawgyi Version)