ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရောင်းချမည့် မြေကွက် (၅၀၀) ကျော်အား အမှန်တကယ်လိုအပ်သူများကိုသာ စိစစ်ရောင်းချပေးမည်ဖြစ်ကာ မြေယာလျော်ကြေးပေးရန်အတွက် ရောင်းချရခြင်းဖြစ်ဟုဆို

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရောင်းချမည့် မြေကွက် (၅၀၀) ကျော်အား အမှန်တကယ်လိုအပ်သူများကိုသာ စိစစ်ရောင်းချပေးမည်ဖြစ်ကာ မြေယာလျော်ကြေးပေးရန်အတွက် ရောင်းချရခြင်းဖြစ်ဟုဆို
Published 8 October 2019

 

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရောင်းချမည့် မြေကွက် (၅၀၀) ကျော်ကို စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနဲ့ လူနေထိုင်ရန် အမှန်တကယ်လိုအပ်သူများကို စိစစ်ရောင်းချပေးမယ်လို့ စက်တင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှုး ဦးသန်းကပြောပါတယ်။