ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ မျက်နှာစုံညီအစည်းအဝေးကျင်းပပြီး လိုအပ်ချက်များ တောင်းဆိုမည်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ပညာကောလိပ်ကျောင်းမှာ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ မျက်နှာစုံညီအစည်းအဝေးကို နှစ်ရက်ကြာကျင်းပခဲ့ပြီး လာမည့်၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ပြည်ထောင်စုဝန်ကြီး နဲ့တွေ့ဆုံကာ ပညာရေးကောလိပ် ကျောင်း/တက္ကသိုလ်တွေ အတွက် လိုအပ်ချက်တွေကို တောင်းဆိုသွားမယ်လို့ သိရပါတယ်။
[Zawgyi]