ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာအုပ်စုရှိ မြေဧက ၂၁၁ ဒသမ ၄၆ ဧကကို ပင်လယ်ပြင်လုံခြုံရေးစခန်းအဖြစ် တည်ဆောက် ရန် ရည်ရွယ်ထားကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား (ရုပ်သံ)
ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာအုပ်စုမှာရှိတဲ့ မြေဧက ၂၁၁ ဒသမ ၄၆ ဧကကို ပင်လယ်ပြင်လုံခြုံရေးစခန်းအဖြစ် တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း က ပြောပါတယ်။