ရေနံဈေးနှုန်းများ အဆမတန်မြင့်တက်လာနိုင်ဟု ဆော်ဒီအိမ်ရှေ့မင်းသား သတိပေး
အီရန်နဲ့တင်းမာမှုတွေ ဖြစ်ပေါ်နေတာကြောင့် ရေနံဈေးနှုန်းထိုးတက်သွားနိုင်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာ မက် ဘင်ဆယ်မန်က CBS ရုပ်သံနဲ့ မိနစ်ခြောက်ဆယ်ကြာအင်တာဗျူးအစီအစဉ်တစ်ခုမှာ သတိပေးခဲ့ပြီး ဆော်ဒီသတင်းထောက် ဂျာမားခါရှော့ဂျီအသတ်ခံရမှုဟာလည်း ၎င်းနဲ့ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။