ဧရာဝတီတံတား (ရတနာပုံ) မှ သီလရှင်တစ်ပါး မြစ်အတွင််း ခုန်ချမှုဖြစ်ပွားခဲ့ပြီး အသက်ရှင််လျက် ကယ်ဆယ်နိုင်ခဲ့
ဧရာဝတီတံတား (ရတနာပုံ) မှ ယနေ့ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက သီလရှင်တစ်ပါး မြစ်အတွင််း ခုန်ချမှုဖြစ်ပွားခဲ့ပြီး အသက်ရှင််လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတံတား (ရတနာပုံ) နှင့် စစ်ကိုင်း (အင်းဝ) တံတားပေါ်မှ နှစ်ရက်အတွင်း နှစ်ဦးခုန်ချမှု ဖြစ်ပွားခဲ့ပြီး ခုန်ချသော သီလရှင်တစ်ပါးအား SERT ရေပြင်ကယ်ဆယ်ရေးအဖွဲ့မှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။