လွှတ်တော်တွင် အောင်မြင်သည့် အဆိုများနှင့် ပတ်သက်၍ ဧရာဝတီတိုင်းအစိုးရက အကောင်အထည် ဖော်ရာ တွင် အဆို ဆွေးနွေးထောက်ခံချက်များကိုထည့်သွင်းမလုပ်ဆောင်ဟု လွှတ်တော်အာမခံ/ကတိများကော်မတီ ဆို
ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေနဲ့ တိုင်းလွှတ်တော်မှာ အောင်မြင်ခဲ့တဲ့ အဆိုများနဲ့ ပတ်သက်လို့ အကောင် အထည်ဖော်ရာ မှာ အဆိုမူရင်းကိုသာအကောင်အထည်ဖော် ဆောင်ရွက်ပြီး ထောက်ခံဆွေးနွေးတဲ့ အချက်တွေ ကို ထည့်သွင်းမလုပ်ဆောင်ဘူးလို့ လွွှတ်တော်တရားစီရင်ရေး၊ဥပဒေရေးရာဖွံဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များကတိများ၊ တာဝန်ခံချက်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇေယျာမင်းသိန်းကပြောပါတယ်။