သက်တမ်း နှစ်၁ဝဝနီးပါးရှိ မန္တလေးတက္ကသိုလ်ပင်မဆောင်အား ပြုပြင်မွမ်းမံခြင်းများမဆောင်ရွက်ခင် ဒီဂျစ်တယ်မှတ်တမ်းဆောင်ရွက်မှုပြုလုပ်မည်
သက်တမ်း ၁၀၀ နီးပါးရှိပြီဖြစ်တဲ့ မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးရှိ အစိတ်အပိုင်းအချို့မှာ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသည့်အတွက် ပြီးခဲ့သည့်နှစ်မှစတင်ကာ ကျောင်းတာဝန်ရှိသူများမှ တင်ပြဆောင်ရွက်ခဲ့ရာ ယခု စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြုပြင်ခွင့်ရသည့်ကုမ္ပဏီမှ ကျောင်းတာဝန်ရှိသူများ၊ ဆရာဆရာမများနှင့်တွေ့ဆုံ၍ ဆောင်ရွက်မည့်လုပ်ငန်းများ နှင့်ပတ်သက်ကာရှင်းလင်းတင်ပြခြင်းဆောင်ရွက်ခဲ့ပါတယ်။