ကိုလိုနီခေတ် နာမည်ကျော်် စတီးဘရားသားကုမ္ပဏီ အဆောက်အအုံတွင် မြို့ပြအမွေအနှစ် အပြာရောင် ကမ္ဗည်းပြားတပ်ဆင်
ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ဆန်စပါးနှင့်သစ်ရောင်းဝယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ယခင်စတီးဘရားသားကုမ္ပဏီကို ယခုအခါတွင် Yangon Excelsior Hotel အဖြစ် ပြန်လည်ပြင်ဆင်ထားတဲ့ အဆောက်အအုံကို စက်တင်ဘာလ ၂၈ရက် နံနက်ပိုင်းက မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်း တပ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။