တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်းခြင်းသည် တိုင်းရင်းသားများနှင့် ဆက်ဆံရေးကို အဓိကထားဖွဲ့စည်းခြင်းဖြစ်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူပြောကြား (ရုပ်သံ)
NLD ပါတီအနေနဲ့ တိုင်းရင်းသားရေးရာကော်မတီဖွဲ့စည်းတာဟာ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကို အဓိက ထားဖွဲ့စည်းတာဖြစ်ပြီးရွေးကောက်ပွဲတစ်ခုအောင်မြင်ရေးဆိုတဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ လုပ်ဆောင်ခြင်းမဟုတ်ဘူးလို့ ပါတီ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွှန့်ကပြောပါတယ်။