၄၅ ဦးကော်မတီဖွဲ့စည်းပြီးနောက် ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းများတင်သွင်းနေမှုနှင့် ပတ်သက်၍ နိုင်ငံ တော်အတွက် ကောင်းမကောင်းစဉ်းစားကြရန် NLD လွှတ်တော်ကိုယ်စားလှယ်ပြော
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းပြီးနောက် ပြည်ခိုင်ဖြိုး ပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတွေတင်သွင်းနေမှုနဲ့ ပတ်သက်လို့ နိုင်ငံတော်အတွက် ကောင်းမကောင်းစဉ်းစားကြဖို့ တာဝန်ရှိတယ်လို့ ကော်မတီဝင်ဖြစ်သူ NLD ပါတီမှ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။