နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စုအတွင်းရှိ ရွှေကြက်ကျဘုရားရိုးရာ လှေဦးတိုက်ပွဲတော်နဲ့ ရေစာ-ဝဲစာ ကျွေးပွဲကို တော်သလင်းလဆုတ် ၇ ရက်(စက်တင်ဘာ ၂၀ ရက်) မနက်ပိုင်းကစပြီး ရွှေကြက်ကျဘုရားအခြေရှိ ဧရာဝတီမြစ်အတွင်း ကျင်းပပြုလုပ်ခဲ့ပါတယ်။