ကာ/လုံအနေဖြင့် လွှတ်တော်များဖျက်သိမ်းရန်သင့်၊မသင့် ပြည်ခိုင်ဖြိုးပါတီတင်ပြ

ကာ/လုံအနေဖြင့် လွှတ်တော်များဖျက်သိမ်းရန်သင့်၊မသင့် ပြည်ခိုင်ဖြိုးပါတီတင်ပြ
Published 20 September 2019

ကာ/လုံအနေဖြင့် သမ္မတအား လွှတ်တော်များဖျက်သိမ်းရန်သင့်၊မသင့် အကြံပေးရမည့်အချက်များနှင့် ကာ/လုံအစည်းအဝေးနှစ်လတစ်ကြိမ်ကျင်းပရန်အချက်များပါဝင်သော ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း ပြည်ခိုင်ဖြိုးပါတီတင်ပြ

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတော်သမ္မတကို လွှတ်တော်တွေဖျက်သိမ်းဖို့သင့်၊မသင့် အကြံပေးရမယ့်အချက်တွေပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို 
ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပါတယ်။