Next The Movie (ရုပ်သံအစီအစဉ်)

Next The Movie (ရုပ်သံအစီအစဉ်)
Published 12 December 2018

■ ဒီတစ်ပတ်မှာတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့်" နောင်တွင်ဥဒါန်းတွင်စေသတည်း " ရုပ်ရှင်ဇာတ်ကားကြီး ပုဂံရဲ့အလှအပတွေ၊ ဒရာမာဇာတ်ကားကြိုက်တဲ့ ပရိသတ်တွေအတွက် ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင် ဖန်တီးပုံဖော်ထားတဲ့ " နောင်တွင်ဥဒါန်းတွင်စေသတည်း " ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ လူမင်း၊ မြို့ရွှေမန်းသား ဖိုးချစ်၊ သရုပ်ဆောင် အလင်းရောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီ မေသဥ္ဇာဦး၊ သရုပ်ဆောင် အေးမြတ်သူ၊ သရုပ်ဆောင် ရတနာဗိုတို့နဲ့အတူ အနုပညာရှင်များစွာပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူတို့ရဲ့စကားသံတွေကို ဒီအစီအစဉ်ကနေ ရိုက်ကူးတင်ဆက် ပေးထားပါတယ်။