စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေကြေးများ ဝင်ငွေခွန်လျှော့ချရေး အချက်အပါအဝင် ၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု
အမြင်ကွဲလွဲမှုတွေရှိခဲ့တဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသော ငွေကြေးများကို ဝင်ငွေခွန်လျှော့ချရေး အချက်အပါအဝင်၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန် အကောက်ဥပဒေကြမ်းတစ်ရပ်လုံးကို ပြည်ထောင်စုလွှတ်တော်မှာ အချက်တစ်ချက်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။