ကုန်စည်ဖလှယ်စနစ်ဖြင့် တရုတ်နိုင်ငံသို့ ဆန်တန်တစ်သိန်း တင်ပို့ခွင့်မှ ဆန်အိတ်တစ်သောင်းကိုရက်ပိုင်းအတွင်း စတင်ပို့မည်
ကုန်စည်ဖလှယ်စနစ်နဲ့အရောင်းအဝယ် ပြုလုပ်ဖို့ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်းကို မန္တလေး ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနဲ့ တရုတ်နိုင်ငံ ရွှေချိုင့်ကုမ္ပဏီတို့ B to B စာချုပ်ချုပ်ခဲ့ပြီးနောက် စတင်တင်ပို့မှု အဖြစ် အိတ်တစ်သောင်းကို ရက်ပိုင်းအတွင်းတင်ပို့မယ်လို့ သိရပါတယ်။