ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးမှ ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးအထိ အတည်ပြုအဆိုနှင့် ကတိဖြစ်မေးခွန်း ၂၉၃၂ ခု အနက် ၁၅၈၈ ခု လုပ်ငန်းပြီးစီး
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးမှ ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးအထိ အတည်ပြုခဲ့တဲ့အဆိုနဲ့ ကတိဖြစ်ခဲ့တဲ့မေးခွန်း ၂၉၃၂ ခုရှိတဲ့အထဲက လုပ်ငန်းပြီးစီးမှု ၁၅၈၈ ခုရှိပြီး ၁၃၄၄ ခု လုပ်ငန်းဆောင်ရွက်ဆဲ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော်အစိုးရ၏အာမခံချက်များ၊ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီရဲ့အစီရင်ခံစာအရ သိရပါတယ်။