တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နှင့် GGSကုမ္ပဏီတာဝန်ရှိသူ ၃ ဦးတို့ကိုအကြိမ် ၃ဝမြောက်အဖြစ်ရုံးထုတ်

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နှင့် GGSကုမ္ပဏီတာဝန်ရှိသူ ၃ ဦးတို့ကိုအကြိမ် ၃ဝမြောက်အဖြစ်ရုံးထုတ်
Published 18 September 2019

အဂတိလိုက်စားမှုဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နဲ့ GGSကုမ္ပဏီတာဝန်ရှိသူ ၃ ဦးတို့ကိုစက်တင်ဘာလ ၁ရရက်နေ့ကတိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာအကြိမ် ၃ဝမြောက်အဖြစ်ရုံးထုတ်ခဲ့ပြီး GGS ကုမ္ပဏီထံကျပ်သိန်း ၂၀၀၀ နဲ့ ရောင်းချခဲ့တဲ့သရက်ချောင်းမြို ့ရှိ ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင်နေအိမ်နှင့်ခြံဝင်းအရောင်းအဝယ်စာချုပ်တွင်အသိသက်သေနေရာကလက်မှတ်ရေးထိုးခဲ့သူကိုစစ်ဆေးချက်အရကွဲလွဲမှုများရှိ နေတယ်လို့ သိရပါတယ်။