မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌ ကျူတာဆရာမတစ်ဦးကို သတ်ပြီး တိမ်းရှောင်နေသူကို မြစ်ကြီးနားမြို့တွင် ဖမ်းမိ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာမှာ ၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်က အစိုးရ နည်းပညာကောလိပ် (မိုးညှင်း) မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျူတာဆရာမ တစ်ဦးကို သတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသူကို မြစ်ကြီးနားမြို့မှာ စက်တင်ဘာ ၁၅ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။