ဒီမိုကရေစီ အပင်ပေါက်ကလေး အညွန့်ချိုးမခံရအောင် အားလုံးက ၀ိုင်းဝန်းပြုစု ပျိုးထောင် စောင့်ရှောက်ကြစေလိုဟု သမ္မတ တိုက်တွန်း
ပြည်သူလူထုရဲ့ အသက် သွေး၊ ချွေး ဘဝတွေ ပေးဆပ်ပြီးမှ ခက်ခက်ခဲခဲ ရရှိလာတဲ့ ဒီမိုကရေစီ အပင်ပေါက် ကလေးကို အညွန့်ချိုးမခံရအောင် အားလုံးက ၀ိုင်းဝန်းပြုစု ပျိုးထောင် စောင့်ရှောက်ကြစေလိုတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားပါတယ်။