၁၀ ရက်အတွင်း ပြည်တွင်းအခေါက်ရွှေစျေး ကျပ်ကိုးသောင်းခန့် စျေးကျဆင်းခဲ့ပြီး တစ်ကျပ်သား ကျပ် ၁,၂၂၅,၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေ
စံချိန်တင်စျေး တစ်ကျပ်သား ၁,၃၁၅,၀၀၀ အထိ စျေးမြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေစျေးမှာ ၁၀ ရက်အတွင်း ကျပ် ကိုးသောင်းခန့် စျေးကျဆင်းခဲ့ပြီး တစ်ကျပ်သားကို ကျပ် ၁,၂၂၅,၀၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ ရန်ကုန် ရွှေစျေးကွက်က သိရပါတယ်။