၂၀၁၉ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှု ၂၁မှုဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကထက် လူကုန်ကူးမှုဖြစ်စဉ်များ ပိုမိုများပြားလာခဲ့ကာ တရုတ်မယားအဖြစ် လူကုန်ကူးခံရမှုမှာလည်း ပိုမိုများပြားလာနေတယ်လို့ အမှတ် (၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုထံမှ စုံစမ်းသိရပါတယ်။