ပဲခူးမြို့နယ်အတွင်း ရေဘေးရှောင် စခန်း ၂၃ ခု ဖွင့်ထားရ

ပဲခူးမြို့နယ်အတွင်း ရေဘေးရှောင် စခန်း ၂၃ ခု ဖွင့်ထားရ
Published 14 September 2019

ပဲခူးမြို့အတွင်း ပဲခူး-ရန်ကုန်ကားလမ်းမရေကျော်မှုကြောင့် ယာဉ်တန်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြို့နယ်အတွင်း ရေဘေးရှောင် စခန်း ၂၃ ခု ဖွင့်ထားရ

စက်တင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်သို့ တစ်ပေကျော်ခန့်ကျော်လွန်ကာ ပဲခူးမြို့အတွင်း ပဲခူးရန်ကုန်ကားလမ်းမရေကျော်မှုဖြစ်ပွားခဲ့တာကြောင့် ယာဉ်တန်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြို့နယ်အတွင်း ရေဘေးရှောင် စခန်း ၂၃ ခုတွင် လူဦးရေ ၁၃၈၃၅ ဦး ရေဘေးရှောင်နေရတယ်လို့ သိရပါတယ်။