မြဝတီနယ်စပ်စခန်းမှ၁၁ လအတွင်းယခင်နှစ်ကာလတူကထက် အမေရိကန်ဒေါ်လာသန်း ၅၀ ကျော်ပိုမိုကုန်သွယ်နိုင်ခဲ့

မြဝတီနယ်စပ်စခန်းမှ၁၁ လအတွင်းယခင်နှစ်ကာလတူကထက် အမေရိကန်ဒေါ်လာသန်း ၅၀ ကျော်ပိုမိုကုန်သွယ်နိုင်ခဲ့
Published 13 September 2019

မြဝတီနယ်စပ်စခန်းမှတရားဝင်သွင်းကုန်လျော့ကျနေသော်လည်းပို့ကုန်ပမာဏတက်ခဲ့ခြင်းကြောင့် ၁၁ လအတွင်းယခင်နှစ်ကာလတူကထက် အမေရိကန်ဒေါ်လာသန်း ၅၀ ကျော်ပိုမိုကုန်သွယ်နိုင်ခဲ့

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းကနေထိုင်းကုန်စည်တွေတရားဝင်သွင်းကုန်လျော့ကျနေပေမယ့်လည်းပို့ကုန်ပမာဏမြင့်တက်ခဲ့တဲ့အတွက်  ၁၁ လတာကာလအတွင်းအရင်ဘဏ္ဍာနှစ် ကာလတူကထက် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၆၈၁သန်း ပိုမိုကုန်သွယ်နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။