၂၀၂ဝနှစ်ဆန်းတွင် (၂၁) ပင်လုံစတုတ္ထအစည်းအဝေးကျင်းပရန်မူအားဖြင့်သဘောတူ

၂၀၂ဝနှစ်ဆန်းတွင် (၂၁) ပင်လုံစတုတ္ထအစည်းအဝေးကျင်းပရန်မူအားဖြင့်သဘောတူ
Published 11 September 2019

၂၀၂ဝနှစ်ဆန်းပိုင်းတွင် (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးကျင်းပရန်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမူအားဖြင့်သဘောတူ

၂၀၂ဝခုနှစ်နှစ်ဆန်းပိုင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးကျင်းပဖို့အစိုးရနဲ့တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကမူအားဖြင့်သဘောတူထားတယ်လို့နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောပါတယ်။