ရန်ကုန်မြို့ရေပေးဝေရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို JICA နှင့်ပူးပေါင်းကာ ၂၀၄၀ ခုနှစ်အထိ ရေးဆွဲထားပြီး ယင်းကာလ အပြီးတွင် မြို့နေလူဦးရေ၏ ၈၀ ရာခှိုင်နှုန်းကို ရေပေးနိုင်မည်ဟုဆို
ရန်ကုန်မြို့အတွင်း လက်ရှိရေပေးဝေနေမှုဟာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အနာဂါတ်တွင်တိုးပွားလာမယ့် မြို့နေလူထုရဲ့ ရေလို အပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်မှုမရှိတဲ့အတွက် ရေပေးဝေရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) နဲ့ပူးပေါင်းပြီး ၂၀၄၀ ခုနှစ်အထိ ရေးဆွဲထားပြီး အဲ့ဒီကာလမှာ မြို့နေလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းထိ ရေပေးဝေနိုင်မှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ပြောပါတယ်။