နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံကာ မြန်မာနိုင်ငံသို့ ပြန်လာရန် ဆန္ဒရှိသည့် နေရပ်စွန့်ခွာ ဟိန္ဒူဘာသာဝင် (၄၄၄) ဦးအား ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် ထပ်မံ ပြောကြား

Published 6 September 2019

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်ဟာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအား စက်တင်ဘာလ ၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ခေါ်ယူတွေ့ဆုံပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိကြသည့် နေရပ်စွန့်ခွာသွားသူ ဟိန္ဒူဘာသာဝင် (၄၄၄) ဦးအား ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးရေးအတွက် ထပ်မံ တိုက်တွန်း ပြောကြားခဲ့ပါတယ်။