တောင်ကြီးမီးပုံးပျံပွဲတော်ရက်ကို ပုံမှန်အတိုင်းသာကျင်းပနိုင်ရန် မီးပုံးပျံပညာရှင်များ၊ CSOs များနှင့် ပြည်သူများ၏ သဘောထားဆန္ဒကောက်ယူပြီး ဝန်ကြီးချုပ်ထံ တင်ပြသွားရန် စီစဉ်နေ
တောင်ကြီးမီးပုံးပျံပွဲတော်ရက်ကို တစ်ရက်လျှော့လိုက်ခြင်းကိစ္စနဲ့ပတ်သက်လို့ ပုံမှန်အတိုင်း ဆယ်ရက်သာ ကျင်းပနိုင်ဖို့အတွက် မီးပုံးပျံပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ရဲ့ သဘောထားဆန္ဒ ကောက်ယူပြီး ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။