မော်လမြိုင်မြို့တွင် လေဆင်နှာမောင်းဝင်ရောက်ခဲ့မှုအတွင်း နေအိမ် (၅၇၀) ကျော်နှင့် စာသင်ကျောင်း (၆) ကျောင်း ထိခိုက်ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့
မော်လမြိုင်မြို့မှာ စက်တင်ဘာလ (၂) ရက် ည ၁၀ နာရီခွဲခန့်က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုအတွင်း နေအိမ်ပေါင်း (၅၇၀) ကျော်နဲ့ စာသင်ကျောင်း (၆) ကျောင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ မော်လမြိုင်မြို ့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။