သဖန်းဆိပ်ဆည်ရေလှောင်တမံ၏ရေမှတ်နည်းနေသဖြင့်စိုက်ပိိျုးရေရယူနေကြသောတောင်သူများရေကိုအလေအလွှင့် မဖြစ်စေပဲစည်းကမ်းရှိစွာအသုံးပြုကြရန် သဖန်းဆိပ်တာဝန်ရှိသူပြောကြား
မိုးရွာသွန်းမှုနည်းပါးခဲ့တာကြောင့် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်အတွင်းရှိသဖန်းဆိပ်ရေလှောင် တမံရဲ့ရေမှတ်မှာလက်ရှိနည်းပါးနေတာကြောင့် သဖန်းဆိပ်ဆည်ရေလှောင်တမံကနေစိုက်ပိိျုးရေရယူနေကြတဲ့ တောင်သူများအနေနဲ့ရေကိုအလေအလွှင့်မဖြစ်စေပဲစည်းကမ်းရှိစွာအသုံးပြုကြဖို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ ဒု-ဦးစီးမှုးဦးတင်မိုးဝင်းကတိုက်တွန်းပြောကြားပါတယ်။