ဆန်တင်ပို့ခွင့်မရချိန်၌ ဆန်ကွဲတင်ပို့ခွင့်ရလျှင် တောင်သူ ၊စက်ပိုင် ၊ကုန်သည်များ စပါးစျေးကျဆင်းသည့်ဒဏ် သက်သာမည်ဟု မန္တလေးတိုင်း ဆန်စပါးကုန်သည်များအသင်းတာဝန်ရှိသူပြော
တရုတ်နိုင်ငံနယ်စပ်မှာမြန်မာ့ဆန်တွေ ဝယ်ယူမူယာယီရပ်နားထားချိန် တရုတ်ဘက်သို့ ဆန်ကွဲတင်ပို့ခွင့်ရပါက တောင်သူ၊ စက်ပိုင် ၊ကုန်သည်တွေအနေနဲ့ စျေး ကျနေတဲ့ဒဏ် အနည်းငယ် သက်သာနိုင်တယ်လို့ မန္တလေးတိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူးဦးစိုင်းကျော် က သုံးသပ်ပြောကြားပါတယ်။