ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့ကို ၂၈ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေနှစ်ဦးကို စစ်ဆေး
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ ဦးတို့ကို စက်တင်ဘာလ ၃ ရက်နေ့က တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ ၂၈ ကြိမ်မြောက်
အဖြစ်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးခဲ့ကာ ထွက်ဆိုချက်တွေအရ GGS ကုမ္ပဏီက လုပ်ကိုင်ခွင့်ရတဲ့ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ကွဲလွဲချက်တွေ ရှိနေတယ်လို့ သိရပါတယ်။