လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ ပါဝင်နိုင်ရေးအား ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့
ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာစာချုပ်၏ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်နိုင်ရေးကိစ္စကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ စက်တင်ဘာ ၂ ရက်မှာ အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။