အလွဲသုံးစားမှုလုပ်သည်ဆိုကာ တရားစွဲခံထားရသည့် ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း၏ အာမခံလျှောက်မှုကို သက်သေခံမည့်ဆရာဝန်မလာ၍ အမိန့်ချရက် ရွှေ့ဆိုင်း
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အသုံးပြုဖို့ မော်တော်ယာဉ်ငါးစီးဝယ်ယူရာမှာ အလွဲသုံးစားမှုများ ပြုလုပ်ခဲ့တယ်ဆိုကာ တရားစွဲခံထားရတဲ့ လွှတ်တော်ဒုဥက္ကဋ္ဌဟောင်းက ကျန်းမာရေးအရ အာမခံလျှောက်ထားမှုကို သြဂုတ် ၃၀ ရက် ရုံးချိန်းမှာ သက်သေခံမယ့်ဆရာဝန်မလာလို့ အမိန့်ချရက် ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။