ဆွာတမံ ရေပိုလွှဲကျိုးပေါက်၍ ရေဘေးကြုံတွေ့ခဲ့စဉ် ကူညီကယ်ဆယ်ရေး တစ်နှစ်ပြည့် အခမ်းအနား တောင်ငူဘူတာတွင်ပြုလုပ်
ပဲခူးတိုင်းဒေသကြီး ဆွာတမံမှ ရေပိုလွှဲကျိုးပေါက်ကာ ရေတာရှည်မြို့နယ်အတွင်း ရေကြီးလွှမ်းမိုးမှုကြုံတွေ့ခဲ့ရစဉ် ရေဘေးကူညီကယ်ဆယ်ရေးလုပ်ခဲ့ရတဲ့ တစ်နှစ်ပြည့် အောက်မေ့ဖွယ် အမှတ်တရစကားများပြောကြားခြင်းကို သြဂုတ်၂၉ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ တောင်ငူဘူတာကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။