အလွဲသုံးစားမှုများ ရှိခဲ့သည်ဆိုကာ တရားစွဲခံထားရသည့် ဧရာဝတီတိုင်းလွှတ်တော် ဒု ဥက္ကဋ္ဌဟောင်းက အာမခံ လျှောက်ထားမှုကို ဆရာဝန်သက်သေခံချက်ကို မူတည်ဆုံးဖြတ်မည်
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အသုံးပြုဖို့ မော်တော်ယာဉ်ငါးစီးဝယ်ယူရာမှာ အလွဲသုံးစားမှုများ ပြုလုပ် ခဲ့တယ်ဆိုကာ တရားစွဲခံထားရတဲ့ လွှတ်တော်ဒုဥက္ကဋ္ဌဟောင်းရဲ့ ကျန်းမာရေးအရ အာမခံ လျှောက်ထားမှုကို ဆရာဝန်တစ်ဦးရဲ့ သက်သေခံချက်ပေါ် မူတည် ဆုံးဖြတ်သွားမှာဖြစ်ကာ အမှုကို ရက်ပေါင်း ၂ရဝအတွင်း အပြီး သတ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။